BreakingNews actor Hein Htet’s house attacked His grandfather was killed

ဧရာဝတီတိုင်းမ် ဧပြီလ ၂၈ ရက် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ ရုပ်ရှင်သရုပ်ဆောင် ဟိန်းထက်၏ နေအိမ်အား ယနေ့ ညနေပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရပြီး ၎င်း၏ အဖိုးဖြစ်သူ ကျည်ထိမှန်သေဆုံးသွားကြောင်း သိရသည်

ကျနော့်အိမ်ကို လူတစ်စု သေနတ်နဲ့လာပစ်သွားတယ် အဖိုး သေနတ်မှန်ပြီး ဆုံးသွားပြီ ဟု ရုပ်ရှင်သရုပ်ဆောင် ဟိန်းထက်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ တဆင့် ရေးသားဖော်ပြထားသည်

ရုပ်ရှင်သရုပ်ဆောင် ဟိန်းထက်၏ နေအိမ်အား မည်သည့်အဖွဲ့ကပစ်ခတ် တိုက်ခိုက်ခဲ့သည်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည် ဓာတ်ပုံ – လူမှုကွန်ရက်

Edit- စစ်အာဏာရှင်ကို ဆန့်ကျင်နေသူ မော်ဒယ်သရုပ်ဆောင် မင်းသားဟိန်းထက်၏ အဘိုးကို ပြစ်လိုက်ဟု ရန်ကုန်သွေးသောက်အဖွဲ့ အမည်ခံ ထုတ်ပြန်လာ

ဧပြီ ၂၈ စစ်အာဏာရှင်ကို လက်နက်ကိုင် ဆန့်ကျင်တော်လှန်တိုက်ခိုက်နေသူ မော်ဒယ်သရုပ်‌ဆောင် မင်းသား ဟိန်းထက်၏ အဘိုးဖြစ်သူကို ပစ်လိုက်ကြောင်း

ရန်ကုန်သွေးသောက်အဖွဲ့ဟု အမည်ခံထားသော အဖွဲ့က လူမှုကွန်ရက်တွင် ထုတ်ပြန်နေပြီး အမျိုးသားရေးအစွန်းရောက်များနှင့် မဘသများက လူမှုကွန် ရက်များတွင် အောင်ပွဲခံလျက်ရှိကြောင်း သိရှိရသည်

Leave a Reply

Your email address will not be published.